ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၄ )

ကျွန်တော် ကျောင်းပြီးတော့ ဘာလုပ်ရမှန်းလည်း မသိ၊ အိမ်မှာလည်း ထိုင်မနေ
ချင်တာနဲ့ သူများတွေလိုပဲ သင်တန်းတွေတက်ဖို့လုပ်ပါတယ်။ အဲဒါနဲ့ မြို့ထဲသွား
စုံစမ်းပြီး MCC မှာ software engineering course ကို တက်ဖို့ဆုံးဖြတ်လိုက်ပါ
တယ်။ မတက်လို့လဲ မရပါဘူး၊ ကွန်ပျူတာ ကျောင်းသာ တက်လို့ ပြီးသွားတယ်၊
ကျွန်တော့် နောင်တော်တွေပြောသလိုပဲ ကွန်ပျူတာက လွဲရင် အကုန်သိပါတယ်
ဆိုသလို ကွန်ပျူတာနဲ့ ပတ်သက်လို့ ဘာမှကိုမသိလိုက်ပါဘူး၊အဲဒါကြောင့်အပြင်
မှာ ပြန်တက်ဖို့လုပ်ရတာပါ။

သင်တနုးကာလက ၆ လကြာပါတယ်။ စာတွေ့က ၃လ၊ OJT က ၃ လပါ။စာတွေ့
၃ လ ကာလ မှာတော့ ကျောင်းတက် မမှန်ပါဘူး။ ဟိုရက် ပျက်လိုက် ဒီရက်ပျက်
လိုက်နဲ့ ပါ။ အဲဒါကလည်း ICS ၊ Business ၊ OS တို့လို စာတွေကို စိတ် မ၀င်စား
တာကြောင့်ပါ။ အဲဒါကြောင့် အဲဒီအချိန်တွေရှိတဲ့ နေ့ဆို မသွားဖြစ်တာလည်းပါပါ
တယ်။ အဲဒီမှာ စာသင်ချိန် ၃လပြီးတော့ OJT ဆင်းဖို့ အုပ်စုခွဲပါတယ်။ကျွန်တော်
တို့အုပ်စုမှာ မိန်းခလေး ၃ ယောက်၊ ကျွန်တော် အပါအ၀င် ယောက်ျားလေးက ၂
ယောက် ၊ စုစုပေါင်း ၅ ယောက်ပါ၊ ပြီးတော့ MICT Park ထဲမှာ OJT ဆင်းဖို့လုပ်
ပါတယ်။

ဇာတ်လမ်းက ခုမှ စမှာပါ။ MICT Park ဆိုတာကို ကြားပဲ ကြားဖူးတာပါ၊တစ်ခါမှ
မရောက်ဖူးပါဘူး။ ဘယ်နားမှာရှိမှန်းလည်းမသိပါဘူး။အဲဒါနဲ့ အိမ်ကဦးလေးတွေ
ကို မေးပြီး သွားဖို့လုပ်ရပါတယ်၊ ဦးလေးတွေ ပြောတာကတော့ ၈မိုင်လမ်းဆုံက
နေ ၅၁ စီးသွားရင်ရောက်တယ်ပေါ့၊ ကျွန်တော်က မြောက်ဥက္ကလာမှာနေတာပါ။
ကျွန်တော်နေတဲ့နေရာကနေ၈ မိုင်ကို ကားတစ်ဆင့် ထပ်စီးရပါသေးတယ်။ကျွန်
တော်လည်း ဒီလောက်တော့အေးအေးဆေးဆေးပဲ၊ ရန်ကုန်မှာနေလာတာလည်း
ကြာပြီ၊ဘာလို့မဖြစ်ရမှာလဲဆိုပြီး တွေးလိုက်ပါသေးတယ်။

အဲဒီနေ့ မနက်ရောက်တော့ ရေမိုးချိုးအ၀တ်အစားလဲပြီး ၈မိုင်လမ်းဆုံကိုထွက်ခဲ့
ပါတယ်။ ၈မိုင်လမ်းဆုံရောက်မှ ဒုက္ခ ရောက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကား
ဂိတ်က နှစ်ဖက်စလုံးမှာ ရှိနေတော့ ဘယ်ဖက်က စီးရမှန်း မသိပါဘူး။ကျွန်တော့်
မှာ ဟိုဖက်ကားဂိတ်သွားကြည့်လိုက်၊ မသေချာသေးပါဘူးဆိုပြီး ဒီဖက်ကားဂိတ်
ပြန်လာလိုက်နဲ့ တစ်ယောက်တည်းကို ယောင်ချာချာဖြစ်နေတာပါ။သူများကိုမေး
ရအောင်ကလည်း ရှက်သလိုလို ကြောက်သလိုလို၊ ငါ့များဘယ်လိုပြန်ပြောလိုက်
လေမလဲ ဆိုပြီး တွေးရင်းနဲ့ မမေးဖြစ်ပါဘူး၊ နောက်ဆုံးတော့ စိတ်တင်းပြီး မထူး
ပါဘူး၊ တစ်နေရာတော့ ရောက်မှာပဲ ဆိုပြီး ထွက်ခါနီး ဖြစ်နေတဲ့ ၅၁ ကားပေါ်ကို
တက်လိုက်သွားပါတယ်။ ကံများဆိုးချင်တော့ နေရာတွေဘာတွေတောင်ရလို့၊အဲ
ဒါနဲ့ ခပ်တင်းတင်းပဲ ၀င်ထိုင်နေလိုက်ပါတယ်။အဲဒီလိုနဲ့ အလုပ်သမားမှတ်ပုံတင်
လုပ်တဲ့ ရုံးတွေဘာတွေကျော် ပြီး စိတ်ထဲမှာလည်း ရောက်တော့ မလား မသိဘူး
ဆိုပြီး တွေးရင်းနဲ့ စီးလာလိုက်တာ မင်္ဂလာဒုံ ကိုကျော်ပြီး ထောက်ကြံ့ထိရောက်
သွားပါတယ်။ အဲဒီတော့မှ ဒီတစ်ခါလည်းလွဲပြန်ပြီဆိုတာ သိလိုက်ရတာပါ။အဲဒါနဲ့
ကားပြန် ပြောင်းစီးပြီး အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်၊ ကျောင်း သွားလည်း မမှီတော့
ပါဘူး။ နောက်နေ့မနက် သူငယ်ချင်းတွေနဲ့တွေ့တော့ မနေ့ကဘာလို့မလာတာလဲ
ဆိုပြီးမေးပါတယ်၊ကျွန်တော်လည်းဖြစ်ကြောင်းကုန်စင် ပြန်ပြောပြရောရယ်လိုက်
တာမှ ပြောမနေ ပါနဲ့တော့ ၊ ကောင်မလေး တစ်ယောက်ကဆို နည်းတောင်နည်း
သေးတယ်တဲ့။

အဲဒီလိုဖြစ်ပျက်ပြီးနောက်ပိုင်း ကျွန်တော်မသိရင်သူများကိုမေးဖို့သိပ်မရှက်တော့
ပါဘူး။ သူများက ကိုယ့်ကို လာမေးရင်လည်း သေသေ ချာချာကို လမ်းညွှန် ပေး
လိုက်ပါတယ်၊ကျွန်တော့်လိုမျိုးမလွဲအောင်လို့ပါ။သေသေချာချာပြန်စဉ်းစားကြည့်
ရင် အဲလို မမေးရဲတာဟာ တော်တော် ဆိုးပါတယ်၊ တစ်ကယ့် သေရေးရှင်ရေးဆို
သွားပါပြီ ၊ ကိုယ်မမေးရဲတာ နဲ့ အသက်တစ်ချောင်း ဒါမှမဟုတ် အခွင့်အရေးကြီး
တစ်ခုဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော့်လိုမျိုး မမေးရဲ့တဲ့ သူတွေများရှိခဲ့ရင်ဘာ
မှမကြောက်ပါနဲ့ ကိုယ်မသိရင် မေးသာမေးပါလို့ပြောလိုက်ပါရစေ။အဲတစ်ခုတော့
ရှိပါတယ်၊ ကိုယ်နဲ့သိတဲ့ သူတွေဆိုရင်တော့ သတိထားပါ၊ သူတို့က အကောင်း မ
ဖြေပဲ ကြပ်တာတွေ ရှိတတ်ပါတယ်။ ( ကျွန်တော်လည်း ခံရဖူးလို့ပါ )

0 comments:

စိတ်ကူးယဉ်အနမ်း