ဗယ်လင်တိုင်း လက်ဆောင်

ချစ်သူ
အလွမ်းတွေ ဖြန့်ကြဲဖို့
14 ရက်ကိုရောက်ပြန်ပြီ်...

အတူတူတွဲ လမ်းမလျှောက်ခဲ့ဘူးပေမဲ့
စိတ်ပျက်အောင် ဖုန်းပြောခဲ့ဖူးတာ
အမှတ်ရတယ်...

ငါ့ နေ့ရက်တွေက
ပဲ့ကိုင်ရှင် မဲ့လို့
ပရမ်းပတာ ဖြစ်ခဲ့ရတဲ့
လှေတစ်စီးလိုပါပဲ...

သေချာတာက
ဘယ်ကမ်းမှ မဆိုက်ပဲ
ရွက်လွှင့်ဖို့
ငါ့ဘာသာ အားမွေးရဦးမယ်...

မေလေး

1 comments:

မုတ်ဆိုး .. | April 16, 2010 at 2:03 AM

ဒီမယ် ကိုယ့်လူ..ကျုပ် ဘလော့ဂ် လောကထဲမှာ မရှိတော့ဘူးထင်ပြီး အတင့်ရဲနေသလားဗျ..

စိတ်ကူးယဉ်အနမ်း