ကျွန်တော့်ချစ်သူဖတ်ဖို့ ( ၁ )

ကျွန်တော့်မှာ ချစ်ရတဲ့ကောင်မလေး တစ်ယောက်ရှိတယ်ဗျ....တစ်ပါတ်မှာသုံးခါ
လောက် တော့ကျွန်တော်တို့ တွေ့ဖြစ်ကြတယ်၊ သူ့အိမ်နားက ပန်းခြံလေးမှာပေါ့။

တစ်နေ့တော့ သူကကျွန်တော့်ကို မေးခွန်းတစ်ခုမေးတယ် "ကို တစ်ကယ်လို့ ငါနဲ့
ပြတ်သွားခဲ့ရင် နင် နောက်တစ်ယောက်ထပ်ထားမှာလား ဟင်" တဲ့၊ အဲဒါနဲ့ပဲကျွန်
တော်က ပြန်ဖြေလိုက်ပါတယ် "နောက်တစ်ယောက် ထပ်ထားဖြစ်ရင်တောင် နင့်
လောက် ချစ်နိုင်တော့ မှာ မဟုတ်ဘူး "လို့.... သူက ချက်ချင်းပဲ ထောက် ခံတယ်
"အဲဒါအမှန်ပဲ "တဲ့ ကိုယ့်ဆရာတို့ပဲ စဉ်းစားကြည့်ဗျာ...ကျွန်တော်သိတာကသူ့မှာ
ရည်းစားမရှိဖူးဘူး၊ အခုလိုလည်းကြားရတော့ ကျွန်တော်ဘယ်လိုမှမနေနိုင်ဘူး...
ချက်ချင်းပဲ သူ့ကိုမေးမိတယ် "အဲဒါဆို နင့်မှာ အရင်ကရည်းစားရှိခဲ့ဖူးတယ်ပေါ့ "..
အဲဒီတော့မှ မဖြေချင့်ဖြေချင်နဲ့ ၀န်ခံတယ်" အစက ပြောပြမလို့ပဲ..သူငယ်ချင်း က
ပြောလည်းဘာမှထူးမှာ မဟုတ်ဘူး ဆိုလို့ မပြောပဲနေတာ " နောက်ပြီးဆက်ပြော
လိုက်သေးတယ်...." ဘာလည်း ကိုက မချစ်ချင်တော့လို့လား "..ကိုယ့်ဆရာရယ်
ပြောမနေပါနဲ့တော့၊ ကျွန်တော့်မှာ ချက်ချင်းကို ပျာပျာသလဲပဲ "မဟုတ်ရပါဘူးအဲ
ဒါလေးကြားတာနဲ့ ငါကဘာဖြစ်လို့ပြောင်းသွားရမှာလဲ ချစ်တာပေါ့ ချစ်နေတုန်းပဲ "

တကယ်လည်းချစ်နေဆဲပါပဲ၊ ကျွန်တော့်အရင်ထားခဲ့တာတွေကို ဘယ်လိုလုပ် သ
ဝန်တိုနေလို့ရမှာလဲ၊ အခုလက်ရှိအချိန်မှာကျွန်တော်တစ်ယောက်ထဲကိုချစ်နေရင်
ပြီးတာပဲ မဟုတ်လား။

အဲဒီလိုနဲ့ ကျွန်တော်က အလုပ်ကပြန်တဲ့အချိန်သွားတွေ့လိုက်၊ပိတ်ရက်တွေကြရင်
အတူတူလျှောက်လည်လိုက် နဲ့ ချစ်သူ သက်တမ်း တစ်လကို ပျော်ပျော်ရွှင်ရွှင် ပဲ
ဖြတ်သန်းခဲ့ကြတယ်...

သူကတော့ အမှတ်တရရှိမှာ မဟုတ်ပါဘူး၊ ဘာဖြစ် လို့လည်း ဆိုတော့ အဲဒီနေ့က
ကျွန်တော်က " ငါတို့ ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ " လို့မေးတော့ ခဏ
ငြိမ်သွားတယ်၊ ပြီးမှ " မသိဘူး " တဲ့...အဲဒါဆို " နင်နဲ့ငါ ဘယ်နေ့က ချစ်သူ စဖြစ်
တာလဲ " ဆိုတော့ခဏတော့ စဉ်းစားလိုက်သေးတယ်၊ ပြီးမှ ရမ်းရွှီးတယ်။သူဖြေခဲ့
တဲ့ အဖြေက တစ်လွဲပါ...ကျွန်တော်နဲ့ ပတ်သက်သမျှုသူကဘာကိုမှအမှတ်မထား
တာ၊ ယုတ်စွအဆုံး ကျွန်တော့် မွေးနေ့ကိုတောင် သူမမှတ်မိဘူး။ ဒါပေမယ့်လည်း
သူကို အပြစ်မမြင်ရက်ခဲ့ပါဘူး။

ကျွန်တော့် ဘက်ကရော....ကျွန်တော့်ရဲ့ အချစ်ဦးဆိုတော့ သူနဲ့ ပတ်သက် သမျှ
အရာရာကို တကူးတက ရေးမှတ်နေစရာ မလိုလောက်အောင် ဦးနှောက်မှာ စွဲမြဲ
နေခဲ့တယ်။ ကိုယ့်ဆရာတို့ပဲ စဉ်းစားကြည့်ပါ၊ ဘယ်သူကများကိုယ့်ကောင်မလေး
က ကိုယ်နဲ့ပတ်သက်ပြီးအမြဲအမှတ်ရနေမှာကို မလိုချင်ပဲရှိပါ့မလားဗျာ။ကျွန်တော်
ပြောခဲ့သလိုပဲ ပထမဆုံး ချစ်ခဲ့ သူလောက် ဒုတိယချစ်သူကို မချစ်နိုင်ဘူး ဆိုတာ။
အဲဒီစကားက ကျွန်တော့်အတွက် အမှန်ပဲဆိုတာ သိပ်မကြာခင်မှာပဲသိခွင့်ရလိုက်
တယ်....။

တစ်နေ့ပေါ့... မိုးတွေကလည်းအုံ့လို့...၊ သူ့အိမ်ဘေးနား ပန်းခြံထဲက ခုံတန်းလေး
ပေါ်မှာ သူက ကျွန်တော့် ပုခုံးလေး ကို မှီပြီး ထိုင်နေခဲ့တယ်။ တစ်ယောက်နဲ့ တစ်
ယောက် ရှေ့ဖြစ်နောက်ဖြစ်လေးတွေ ပြန်ပြောကြရင်းနဲ့ သူ့အရင်ကောင်လေး အ
ကြောင်းရောက်သွားတယ်။

သူနဲ့သူ့ အရင်ကောင်လေးက ကျောင်းတုန်းက တွေ့ခဲ့ကြတာတဲ့၊ သူ့အရင်ကောင်
လေးနာမည်က "အာကာ"တဲ့။ သူက ဆက်ပြောတယ်" ငါတို့က တစ်ကျောင်း၊ သူ
က တစ်ခြားကျောင်းကပေါ့၊ တစ်နေ့တော့ငါတို့ကျောင်းကပုဂံကို လေ့လာရေးခရီး
ထွက်ကြတယ်၊အဲဒီမှာ ငါတို့အခန်းထဲက သူငယ်ချင်းတစ်ယောက်နဲ့သိပြီး အာကာ
က လိုက်လာတာ"" ကားတစ်စီးထဲ အတူတူစီးကြရင်း သူနဲ့ငါ ရင်းနှီးခဲ့ကြတာပေါ့ "
" လေ့လာရေးခရီးကပြန်လာပြီးတော့ သူက ငါတို့ဆီကို ခဏခဏ လာလည်တယ်
ဟ " အားတက်သရောပဲ ဆက်ပြောပါတယ်။

"အဲဒီလိုနဲ့ ဖေဖော်ဝါရီ၁၄ရက် ချစ်သူများနေ့မှာ သူကငါ့ကိုနှင်းဆီအရောင်စုံငါးပွင့်
ပါတဲ့ နှင်းဆီပန်း တစ်စီးပေးပြီး ငါ့ကိုချစ်တယ်လို့ ပြောတာ " " နှင်းဆီပန်းတွေ က
လည်းအရမ်းလှတာပဲဟာ၊ငါဆိုသူ့မျက်နှာကို ကြည့်တောင်မကြည့်ရဲဘူး " " သူက
ငါ့ကို ချစ်သူများနေ့ရောက်တိုင်း နှင်းဆီပန်းတစ်စီး လက်ဆောင်ပေးလေ့ရှိတယ် "
" တစ်နေ့ကျတော့ ငါကသူ့ကို ချောကလက်တစ်ဗူး လက်ဆောင်ပြန်ပေးပြီးအဖြေ
ပေးလိုက်တယ် " " အဲဒီနေ့ကိုတော့ ဘယ်တော့မှမေ့မှာ မဟုတ်တော့ဘူး၊အဲဒီနေ့
က ဒီဇင်ဘာ ၂၁ ရက်နေ့လေ " " သူက အရမ်းရယ်ရတာပဲသိလား၊ တစ်နေ့ ငါ့ဆီ
ကိုလာတုန်းက အဆောင်ရှေ့မှာ တံတားကပေါက်နေတာကိုမမြင်ဘဲ သူ့ဆိုင်ကယ်
အပေါက်ထဲ ကျသွားတာလေ......၊ ငါတို့မှာ ရယ်လိုက်ရတာ ပြောမနေပါနဲ့တော့ "
" ငါကသာ သူနဲ့ပတ်သက်သမျှကို မှတ်မိနေတာ၊ ဘယ်နေ့မှာ ဘာအင်္ကျီအရောင်
လေး ၀တ်လာတာက အစ၊ အကုန်လုံးကိုမှတ်မိနေတာ သူကတော့ဘာကိုမှ မှတ်
မထားဘူး " ဆိုပြီး ကျွန်တော့် ရင်ခွင်ထဲမှာ ခေါင်းအပ်ပြီး ငိုနေလိုက်တာ မျက်ရည်
တွေတောင်ရွှဲလို့။ နောက်တော့မှ ကျွန်တော့်ကို သတိရတယ်နဲ့တူပါတယ်၊ မျက်လုံး
ကလေး လှန်ကြည့်တော့ ကျွန်တော်ကလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောနဲ့ပြုံး
ပြရတာပေါ့ဗျာ။ တစ်ကယ့်ကို မချိပြုံးပါပဲ။ အဲဒီလို မပြုံးချင် ပြုံးချင်နဲ့ ပြုံးတဲ့အပြုံးကို
ကိုယ့်ဆရာတို့ရော ပြုံးဖူးကြလား မသိဘူး။ ကိုယ့်ရင်ခွင်ထဲ က နေပြီး တစ်ခြားတစ်
ယောက်ကို သတိရနေတဲ့၊အဲဒီလူနဲ့ ပတ်သက်သမျှကို မေ့လို့မရနိုင်ဘဲ အမြဲအမှတ်
ရနေတဲ့ ချစ်သူမျိုး ပိုင်ဆိုင်ဖူးပါသလား....။

ကျွန်တော့်ရင်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တောင်မသိ
နိုင်အောင်ပါပဲဗျာ...။ကျိန်းသေတာကတော့ လုံးဝဒေါသထွက်မနေဘူးဆိုတာပဲ...။
တစ်ခါမှမခံစားဖူးတဲ့ အရသာကို ခံစားရလို့ ဘာပြောရမှန်းမသိအောင်မိန်းမောနေ
တာလဲ ဖြစ်ရင်ဖြစ်မှာပေါ့..။

အဲဒါနဲ့ကျွန်တော်လည်း "အဲဒီလောက်ချစ်ခဲ့ကြရဲ့သားနဲ့ဘာဖြစ်လို့ပြတ်သွားကြတာ
လဲ " လို့ မေးတော့..." သူက အလုပ် တစ်ခုလုပ်ရင် လေးလေးနက်နက် မရှိဘူးဟ၊
နောက်ပြီး ငါကလည်း ငါ့ဘ၀တက်လမ်းအတွက် ကြိုးစားရမှာမို့ စင်္ကာပူကိုသွားပြီး
ကျောင်းတက်ဖို့ ရန်ကုန်ကို ထွက်လာခဲ့တော့ အဆက်အသွယ်လည်းမရှိတော့ဘူး"
"ဒါပေမယ့်လည်း ပြတ်ပါပြီဟာ"...။ ပြောမယ့်သာပြောနေတာတစ်ခါတစ်ခါအမှတ်
ရနေတုန်းပဲ ဆိုတာကိုတော့သူမငြင်းနိုင်ပါဘူး။ကျွန်တော်ကပဲဆက်ပြီး "သူကရော
မဆက်သွယ်ဘူးလား၊ နင်ကရောဆက်သွယ်ဖို့ မကြိုးစားဘူးလား" ဆိုတော့ "ဖြစ်မှ
မဖြစ်နိုင်တော့တာ၊ငါရန်ကုန်ကိုထွက်မလာခင်ကတည်းကသူနဲ့ငါ ပြတ်ပြီလို့ သူ့ကို
ပြောခဲ့ပြီးသား " " ကဲပါ အဲဒီအကြောင်းတွေ ပြောမနေနဲ့တော့၊စဉ်းလဲမစဉ်းစားနေ
နဲ့တော့နော်ကို"တဲ့ကျွန်တော်ဘယ်လိုပြန်ဖြေရမလဲ၊မစဉ်းစားပဲရောနေနိုင်ပါ့မလား၊

သေချာတာတစ်ခုကတော့ ကျွန်တော့်နဖူးကိုနမ်းပြီးကျွန်တော့်ကိုပြုံးပြတဲ့သူ့အပြုံး
လေးတစ်ချက်ကို မြင်လိုက်ရရင်ပဲ ကျွန်တော့်ရင်ထဲက ခံစားချက်တွေ ဥပက္ခာ ပြု
လိုက်မိတယ် ဆိုတာပါ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ....ဘယ်သူမဆို တစ်ဦးရဲ့ခံစားချက်ကို တစ်ဦး က နားလည်
ခံစားပေးနိုင်ရင် အရာရာဟာ လှပလာပါလိမ့်မယ်။

အဲဒီလိုနဲ့ပဲ ညနေခင်းတစ်ခုဟာ ပြီးဆုံးသွားခဲ့တာပေါ့....

0 comments:

စိတ်ကူးယဉ်အနမ်း