သူဌေးနဲ့ အတူမြန်မာပွဲစားများက S' pass နှင့် အလုပ်ရမည်ဟုဆိုပြီးပိုက်ဆံတောင်းကာ
၆ရက် တစ်ပါတ်နှင့် အလုပ်ထုတ်ကာ နောက်တစ်ယောက်အား ထပ်မံတောင်းယူ လိမ်လည်ပြန်ပါတယ်။ အောက်ကတော့ သူဌေးရဲ့ လိပ်စာပါ...။
HONG HUANG TRADING & THREE STARS TRADING CO
55 KAKI BUKIT INDUSTRIAL TERRACE
SINGAPORE 416135
Phone -- 67483833
Fax --67482322
သတိထားကြဖို့ တိုက်တွန်းလိုပါတယ်... အခုလက်ရှိ အလုပ်ရှာနေတဲ့သူတွေ တော်တော်များများ အဲဒီ ပြသနာနဲ့ ကြုံနေကြရတာကို ကြားနေရပါတယ်... အေးဂျင့်နဲ့ သူဌေးနဲ့ ပေါင်းပြီး အလုပ်ခန့်၊ ပိုက်ဆံတောင်း ပြီးရင် တစ်လနှစ်လလောက် လစာနည်းနည်းပေးပြီး လုပ်ခိုင်း၊ပြီးရင် မကြိုက်ဘူး ဆိုပြီး ထုတ်ပစ်နဲ့ ဒုက္ခရောက်နေကြရတဲ့ သူတွေ တစ်ပုံကြီးတွေ့နေရပါတယ်...။
အဲဒီပရိုဗီးရှင်း ကာလမှာ အထုတ်ခံရရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းကို အေးဂျင့်တော်တော်များများ မဖြေကြပါဘူး... သူဌေးကြိုက်အောင်လုပ်၊ အလုပ်ကိုကြိုးစား သူဌေးမကြိုက်ရင် သူတို့လဲ ဘာမှ မတတ်နိုင်ဘူးဆိုတာမျိုး အေးဂျင့်တိုင်းလိုလို ပြောနေကြပါ။
ဆိုလိုတဲ့ သဘောက သူဌေးမကြိုက်လို့ အလုပ်ထုတ်ခံရရင် သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတာပါ...။ ဘယ်အေးဂျင့်မဆို မေးလိုက်တိုင်း အဲဒီလိုပဲ ဖြေကြတာ ကြုံဖူးကြမယ် ထင်ပါတယ်...။
အဲလိုမျိုး အထုတ်ခံရလို့ အေးဂျင့်ခ ပြန်ရလားဆိုရင်လည်း မရပါဘူး..။ နောက်တစ်ခု ထပ်ရှာပေးမယ်ဆိုပြီး ချွေးသိပ်တတ်ပါတယ်...။ သူတို့ပြောတဲ့ နောက်တစ်ခုဆိုတာက ပိုက်ပိုက်တစ်ဝက်လောက် ထပ်အကုန်ခံမှ ရမယ့် အမျိုးပါ...။ အဲလိုမှ မဟုတ်ရင်တော့ ပြန်ဖို့သာ စဉ်းစားထားပေတော့...။
နောက်တစ်ခုက အလုပ်လာရှာတဲ့သူ တော်တော်များများက ချမ်းသာလွန်းလို့ ထွက်လာကြတဲ့ သူတွေ မဟုတ်ပါဘူး...။ တစ်ချို့ အိမ်ပေါင်၊ရွှေရောင်း တစ်ချို့ က သူများဆီကနေ အတိုးကြီးကြီးနဲ့ ပိုက်ဆံချေးလာကြတဲ့ သူတွေပါ...။ အဲဒီပိုက်ဆံတွေကို အလုပ်ရပါစေဆိုပြီး အေးဂျင့်ခ အဖြစ်ပေး၊ ပြီးတော့ အလုပ်ကတော့ ရပါရဲ့ လခက မဖြစ်စလောက်၊ ဟော.......... နောက်တစ်လလဲနေရော မကြိုက်လို့ ဆိုပြီး အထုတ်ခံရနဲ့ အရမ်းကို သနားစရာကောင်းပါတယ်။
သူတို့ ပေးလိုက်ရတဲ့ ပိုက်ဆံတွေ၊ သူများဆီက ချေးလာတဲ့ ပိုက်ဆံတွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေ၊ ခိုင်မာတဲ့ ရည်မှန်းချက်နဲ့ တက်ကြွနေတဲ့ စိတ်ဓါတ်တွေဟာ အကုန်ရေစုန်မျောကုန်ပါတယ်...။
တစ်ချို့ဆို ရူးချင်သလိုလိုဖြစ်သွားကြတာတွေ၊ ဖြစ်ချင်တာဖြစ်ဆိုပြီး ရတာလုပ်မယ် ဘယ်လိုမှပြန်လို့မဖြစ်ဘူးဆိုပြီး အိုဗာစတေး ဖြစ်သွားတဲ့သူတွေ၊ မိန်းခလေးတွေ ဆိုရင်လည်း ပိုက်ဆံတစ်ခုပဲ ကြည့်ကြလို့ မဖြစ်သင့်တဲ့တာတွေ ဖြစ်ပြီး မရောက်သင့်တဲ့ နေရာတွေ ရောက်နေကြတာ တစ်ပုံကြီးပဲ...။ တစ်ချို့ဆို အိမ်ထောင်ရှိမရှိလည်း မစုံစမ်း၊မစဉ်းစားပဲ အတူတူနေကြတာတွေ၊ အိမ်ထောင်ရှိမှန်း သိသိကြီးနဲ့ကို ဖြစ်နေကြတာတွေလည်း မကြားချင်မှ အဆုံးပါပဲ...။
အရင်တုန်းက ဆိုရင် ဂ ငယ်မှာ မြန်မာမိန်းကလေး မရှိဘူး။ ရှိရင် လခတစ်လစာကြေး လောင်းရဲတယ်ဆိုပြီး ကျွန်တော် မော်ကြွားခဲ့တာတွေ၊ သူများနိုင်ငံသားတွေနဲ့ အပြိုင် ငြင်းခုံခဲ့တာတွေ ဟာ အခုတော့ ပါးစပ်ကို ပိတ်ထားရတဲ့ အထိပါပဲ...။ ကျွန်တော်ကြုံခဲ့ ရတဲ့ မြန်မာမိန်းကလေး တစ်ယောက်ဆို တော်တော့်ကို အခြေအနေဆိုးပါတယ်...။ သူနဲ့ အတူနေတဲ့ ဘဲက သွားခေါခေါ၊ မျက်နှာပေါက်ဆိုးဆိုးနဲ့ ဘင်္ဂလား ကုလား တစ်ကောင်ပါ...။ ကျွန်တော် အရမ်းဒေါသထွက်ရပါတယ်...။ အရမ်းလဲ ရင်ထဲမှာ တစ်မျိုးကြီးပဲ ခံစားရတယ်...။ အဲဒီလောက်တောင် အခြေအနေဆိုးနေပြီလားပေါ့...။
အဲဒီလိုမျိုးတွေ ဖြစ်ပျက်နေကြတာတောင်မှ ကိုယ့်မြန်မာလူမျိုး အချင်းချင်း ကူညီမယ်မရှိပဲ ဂုတ်သွေးစုတ်နေကြတဲ့ သူတွေကို အရမ်းအော့နှလုံးနာပါတယ်...။ အလုပ်လာရှာတဲ့ ညီအကို မောင်နှမ တစ်တွေလည်း သတိထားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်...။
1 comments:
:) nin le taw taw sone tar pe`
Post a Comment