ဗေဒင်ဆိုတာ ဘုရားလက်ထက်တော်ကတည်းက ရှိပြီးသားလို့ မှတ်သားဖူးပါတယ်... အဲဒီလိုပဲ ကျွန်တော်ငယ်ငယ်က အမေက ဗေဒင်ဆရာဆီခေါ်သွားပြီး တွက်ချက်လို့ ဗေဒင်ဆရာက ဟောလိုက်တာ နှစ်ချက်ရှိပါတယ်... တစ်ချက်က ကိုယ်သင်ခဲ့တဲ့ ပညာနဲ့ ကိုယ်လုပ်တဲ့ အလုပ်က လုံးဝကို ကွာခြားလိမ့်မယ်တဲ့...
ဟောခဲ့တဲ့ အတိုင်းပါပဲ ရခဲ့တဲ့ ဘွဲ့က ကွန်ပျူတာဘွဲ့၊ လုပ်ရတဲ့ အလုပ်က အော်ပရေးရှင်း အင်ဂျင်နီယာတဲ့... ကောင်းရော... ကျောင်းတုန်းက သင်ခဲ့တဲ့ C++ တို့၊ VB တို့ java တို့ဆိုတာ ခေါင်းထဲမှာတောင် မရှိတော့ပါဘူး.. ခုချိန်များ ပရိုဂရမ်တစ်ပုဒ်လောက်လာရေးခိုင်းရင် variable တစ်လုံးတောင် ကြေငြာတတ်မှာ မဟုတ်တော့ဘူး....အီ်းဟီးးးးးးး
ခုများတော့ ဈေးကို ဘယ်လိုကစားရမလဲ အမြတ်ကို ဘယ်လိုပြန်တင်ရမလဲ... ပိုက်ဆံကို ဘယ်လို ပြန်claim ရမလဲ၊ တော်ကီဘယ်လိုပစ်ရမလဲ ဆိုတဲ့ သူဌေးအတွက် ငွေရှာနည်းတွေကို အစွမ်းကုန် သင်ယူနေရတယ်... မသင်ချင်လည်း သင်နေရတယ်... အဲဒီလိုမှ အလုပ်က မြဲမှာကိုး........
အဲဒါကြောင့် ကိုယ်ဝါသနာပါရာနဲ့ လုပ်ရတဲ့ အလုပ်နဲ့ ထပ်တူကြတဲ့ သူတွေကိုတွေ့ရင် အားကျတယ်ဗျာ...
တကယ်ပြောတာပါ... ခင်ဗျားတို့ တကယ်ကံကောင်းပါတယ်......
ဗေဒင်ဆရာ ဟောခဲ့တဲ့ နောက်တစ်ချက်ကိုတော့ မမှန်စေချင်ဘူးဗျာ... တစ်ကယ်ပဲ.....
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment